Print

ရှိုက်ရသည့်အကြောင်းရင်း

  22-Sep-2017
Preview Image

ဆေးရုံဆင်းမည့်လူနာအမျိုးသမီးနှင့် စာရေးဆရာ၊ ဆရာဝန်တို့အဖြစ်ကား -

“ ဆရာက စာလည်းရေးတယ်ဆိုတော့ အငိုလွယ်၍ အရှိုက်ခက်တယ်ဆိုတာကို ရှင်းပြပါလား ”

“ ငိုတာက လွယ်တာ၊ ရှိုက်တာက မလွယ်ဘူး၊ ခံစားချက်အတော်ပြင်းထန်မှ ”

“ ဟုတ်လား၊ ဒါကြောင့် ကျွန်မယောကျ်ားငိုပြီး ရှိုက်နေတာဖြစ်မယ် ”

“ ဘာတွေဝမ်းနည်းစရာ ကြုံလို့လဲ ”

“ ဆေးဖိုးဝါးခတောင်းတဲ့ စာရင်းရောက်လာလို့ ”

“ ဟိုက် ”

Credit : မှူးအိမ်ဇင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18